|
အင်တာနက်အချစ်နဲ့ 
ဆုံစည်းရေးပြဿနာ---
နော်လီမိုင်
မြန်မာ နိုင်ငံကနေ ပြည်ပကိုရောက်လာကြပြီဆိုရင် အရင်ဆုံး
ခံစားလိုက်ရတာက ပြည်ပမြေကို ရှူလိုက်မိတဲ့ အချိန် ကစပြီး မြန်မာ ပြည်နဲ့ 
မတူတဲ့ လွတ်လပ်တဲ့ အရသာပါ။
အဲဒီခံစားကြရတဲ့ အထဲမှာ အင်တာနက် သုံးစွဲမှုက ရှေ့ တန်းမှာရှိမယ်ထင်ပါတယ်။
မြန်မာပြည်မှာဆိုရင် ပြည်ပက အင်တာ နက် စာမျက်နှာတွေ ပိတ်တာရှိလို့ 
ဟိုစာမျက်နှာ ဖတ်မရနဲ့  ဒီစာမျက်နှာဖတ်မရနဲ့ အလိုမကျတာတွေ ခံစားကြရသလို
အင်တာနက် ကဖေးမှာ အသုံးပြုတဲ့ဈေးကလဲ တနာရီကို ၅၀၀ ကျပ် ၀န်းကျင်နဲ့ 
သုံးနေကြရတယ်လို့  သိရပါတယ်။

တချိန်တုံးက လဘက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုကနေ အခုဆိုရင် အင်တာနက်ကဖေး
ယဉ်ကျေးမှု ဘက်ကို ပြောင်း လဲ လာ ပါတယ်။ နည်းပညာအရ တိုးတက်လာတာကို
လေ့လာကြသူများ ရှိသလို အချို့က အင်တာနက်ပေါ်မှာ မိတ်ဆွေ ဖွဲ့ကြ၊ အပေါင်း
အသင်းရှာကြနဲ့  နိုင်ငံတာကို နယ်ချဲ့ စူးစမ်းလာကြတာရှိပါတယ်။ အဲလို မိတ်ဖွဲ
့ရင်းကနေ လူငယ်တို့ သဘာဝ ရင်ခုံသံချင်း နား လည်မျှဝေ သွားကြတဲ့ လူတွေလည်း
ရှိပါတယ်။
တလော က မိတ်ဆွေတွေနေတဲ့ မြို့ ကို သွားလည်တော့ မိတ်ဆွေရဲ့ သားလေးက စင်္ကာပူက
ကောင်မလေးနဲ့ လိုင်းပေါ်မှာ ကွန် တက် မိ-၈ျွိုင်းဆက်ရကာ၊ အိုကေမှာ
စိုပြေပြီး လန်းဆန်းနေတာ တွေ့ ရပါတယ်။ အခုစာရေးသူ လက်ရှိ ရောက်နေတဲ့ ဥရောပ
နိုင်ငံက၊တောသူဌေး နိုင်ငံလေးလို့ အများက အမည်အပေးခံရတဲ့ နော်ဝေမှာဆိုရင်
ကုလသမ၈္ဂ ဒုက္ခသည် ပြန်လည်နေရာချထား ရေး အစီအစဉ်နဲ့ ရောက်လာကြတဲ့
မြန်မာနိုင်ငံသား ၂၅၀၀ လောက် ရှိနေပါပြီ။ လူတဦးစီအတွက် နော်ဝေအစိုးရက
ထောက်ပန့်  ကြေးငွေ ပေးပါတယ်။ မြန်မာပြည်မှာလို ၊ထိုင်းမှာလို၊ နေမယ်
စားမယ်ဆိုရင် နော်ဝေငွေ ခရိုနာ-၁၀၀၀ လောက်ကျန်ပါတယ်။
၃
လလောက်စုမယ်ဆိုရင် မက်မိုရီက ၂ -ဂစ်။ဟတ်ဒစ်က ၂၅၀ ဂစ်လောက်ရှိတဲ့ လက်တော့ပ်
ကွန်ပြူတာဖြစ်စေ၊ ဒက်စတော့လို့ ခေါ်တဲ့ စားပွဲတင် ကွန်ပြူတာပုံးဖြစ်စေ
ဝယ်လို့ ရပါတယ်။
တချို့ မြို့ တွေမှာဆိုရင် မက်မိုရီ ၂၅၀ မီကာဘိုက် လောက်ရှိတဲ့ စက်တွေကို
ဒိတ်အောက်တယ်ဆိုပြီး နော်ဝေလူမျိုး တွေ လျှပ်စစ် အမှိုက်ပုံမှာ
ပစ်တာကိုသွားကောက်သုံးလို့ လဲရပါတယ်။ မြန်မာတွေအများစုကတော့ သွား မကောက်ကြ
ပါဘူး။ လိတ်တက်စ် ကွန်ပြူတာကိုပဲ ၀ယ်သုးံကြတာ များပါတယ်။

အင်တာနက်ကတော့ ၀ယ်သုံးတဲ့နေရာမှာ အမျိုး အစား ၂မျိုးရှိပါတယ်။ ပထမ တမျိုးက
လိုင်းကြိုး နဲ့ ဆက်သွယ်ပြီး ၀ယ်သုံးရတဲ့ နည်းဖြစ်ပြီး နောက်တမျိုးက
ဟန်းဖုန်းလို ကြိုးမဲ့ စနစ်နဲ့ ၀ယ်သုံးတဲ့နည်းပါ။ ကြိုးမဲ့စနစ်က
ဈေးချိုးပါတယ်။ ပြီးတော့ ကားပေါ်မှာ ဖြစ်စေ၊ ပန်းခြံထဲမှာဖြစ်စေ
အင်တာနက်ကို သုံးလို့ ရပါတယ်။ ညနေ ၅ နာရီကနေ မနက် ၈-နာရီ အထိနဲ့
ရုံးပိတ်ရက်တွေမှာ သုံးမယ်ဆိုရင် နော်ဝေငွေ ခရိုနာ ၁၀၀ (မြန်မာငွေနဲ့ ဆို ၂
သောင်းနီးပါး) ပေးရပါတယ်။ အချိန်ပြည့်သုံးမယ်ဆိုရင် ၂၅၀ ခရိုနာ ကျပါတယ်။
ကြိုးလိုင်းကတော့ လိုင်းအနိမ့် အမြင့်ပေါ်မူ တည်ပြီး တလခရိုနာ ၃၀၀ ကနေ ၇၀၀
လောက်အထိရှိပါတယ်။
ဒီတော့ နော်ဝေရောက် မြန်မာလူငယ်တွေက လူကြီးတွေ သိစရာမလို၊ လူကြီးတွေ
ထိန်းချုပ်စောင့်ကြည့်မှု ကနေ ကျော်ပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ်
သုံးနိုင်ကြတာပေါ့။
အခုလည်း မိတ်ဆွေ သားလေးက စင်္ကာပူမှာကျောင်းလာတက်တဲ့ ကျောင်းသူ မြန်မာမလေးနဲ့
လန်းနေ ပါရောလား။ နောက်တယောက်ကတော့ ထိုင်းမှာရောက်နေတဲ့ ကောင်မလေးနဲ့
လန်းနေ ပါတယ်။ တခြားအသိ လူငယ်လေးဆိုရင် ရန်ကုန်က ကောင်မလေးနဲ့ ချိတ်မိပြီး
ဂွင်မိနေပါတယ်။ နော်ဝေနိုင်ငံကနေပြီးတော့ အမေရိကန်၊ပြင်သစ်၊ ဂျပန်စတဲ့
နိုင်ငံတွေရောက် မြန်မာတွေနဲ့ လည်း အင်တာနက်မှာ ချိတ်ဆက်မိကြတာ လန်းနေကြတဲ့
သူတွေလဲ ရှိကြပါတယ်။
မနှစ်ကတော့  တူလေးတယောက်လို ခင်မင်နေတဲ့ ကောင်လေးက ထိုင်းဆင်းပြီး
ကောင်မလေးကို လက် ထပ်လိုက်တယ်။ ကောင်မလေးကို မြန်မာပြည်ထဲဝင်ပြီး ပတ်စပို
့နဲ့ ထိုင်းကိုပြန်လာ။ပြီးတော့ ထိုင်းမှာရှိတဲ့ မြန်မာတွေကူညီနေတဲ့ အဖွဲ
့တဖွဲ့ ဆီမှာ တရားဝင်လက်ထပ်။ နော်ဝေသံရုးံမှာ ဗီဇာလျှောက်တယ်။
ဒီမှာ ကွိုင်-စတက်ပါတယ်။ နော်ဝေသံရုံး နော်ဝေ ဥပဒေအရ စကားပြောလာပါတော့တယ်။
မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံ မှာ တရားဝင် လက်ထပ်ချင်ရင် မြန်မာ
သံရုံးမှာသာ လက်ထပ်ခွင့်ရှိတယ်။ ဒါမှ တရားဝင်မယ်ပြောတယ်။ ထိုင်းနိုင်ငံ
၊ဘန်ကောက် မှာရှိတဲ့ မြန်မာ သံရုံးကလဲ ဒီအလုပ်ကို လုပ်မပေးဘူးဖြစ်နေတယ်။
တချို့ကတော့ ခရစ်ယာန် ဘာသာဝင်တွေ ခရစ်ယာန် ဘုရား ကျောင်းမှာ လက်ထပ်မှ
တရားဝင်ဖြစ်သလို မြန်မာတွေလည်း ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းမှာ
လက်ထပ်ရင်တရားဝင် တယ်ဆို ပြီး မင်္ဂလာဆွမ်း ကပ်နေတဲ့ပုံတွေ အထောက်အထားပြပြီး
ဗီဇာလျှောက် ကြတာလဲ ရှိပါတယ်။
နော်ဝေအစိုးရကတော့ အဲဒီအထောက်အထားတွေထက် ထိုင်းအစိုးရ တရားရုံးမှာ တရား
ဝင်လက်ထပ် ထားတဲ့ စာချုပ်ကိုတော့ တရားဝင်လက်ခံပါတယ်။ နော်ဝေနိုင်ငံကို
လာဖို့ ထိုင်းအစိုးရတရားရုံး လက်ထပ်စာချုပ်နဲ့ဆိုရင် ၆ လလောက်ဆိုရင်
ဗီဇာရတယ် လို့ ပြောကြပါတယ်။ အဲဒီစာချုပ်နဲ့ လက်ထပ် ခွင့်ရဖို့ကလဲ
အတော်ခက်ပါတယ်။ အပျို-လူပျို ဖြစ်ကြောင်း ထိုင်း လူဝင်မှု ကြီးကြပ် ရေး က
ထောက်ခံရမယ်။ ပြီးတော့ ထိုင်းလူမျိုးအသိ သက်သေတွေ ပါရမယ်။ ဒီအချက်တွေ
ပြည့်စုံဖို့က ရေလောင်းရမယ်။ တချို့ ဆိုရင် ထိုင်း
ဘတ်ငွေ-လေးသောင်းလောက်အထိ ပေးရတယ်လို့  သိရပါတယ်။ မိတ်ဆွေ နှစ်ယောက်ကတော့
မူဆလင်ဘာသာ ၀င်တွေဆိုတော့ ထိုင်းရောက် မူဆလင်အသိုင်း အ၀ိုင်းနဲ့
ထိုင်းမူဆလင်အဖွဲ့ အစည်းတွက ကူညီလို့ ထိုင်းတရားရုံးမှာ တရားဝင်
လက်ထပ်ခွင့်ရပြီး နော်ဝေဗီဇာလျှောက်ခွင့်ရပြီး
နော်ဝေနိုင်ငံရောက်လာခဲ့ကြပါတယ်။
စင်္ကာပူက ကျောင်းသူလေးနဲ့ လက်ထပ်လိုက်တဲ့ အင်တာနက်ဖူးစာရှင်လေးကတော့
နော်ဝေနိုင်ငံမှာရှိတဲ့ ခရစ်ယာန် အသင်းတခု ကနေ အလည်ဗီဇာပေးလို
့၊နော်ဝေကိုရောက်လာတယ်။ ပြီးတော့ နော်ဝေမှာ ပြန်လက်ထပ်တယ်။ ပြီးတော့
အလည်ဗီဇာ ၆ လ အတွင်းမှာ ကောင်မလေးက ကလေးမီးဖွားတော့ နော်ဝေ အစိုးရက
လူမှုရေးအရ တရား ၀င် နေထိုင်ခွင့်ပေးလိုက်တယ်လို့ သိရ ပါတယ်။

ထိုင်းရောက် နိုင်ငံရေး အဖွဲ့ အစည်းတွေဆီမှာ လက်ထပ်ပြီး အဲဒီစာချုပ်နဲ့
နော်ဝေ ဗီဇာလျှောက်တဲ့ သူတွေကတော့ လက်ထပ်ခွင့် ကို အသိအမှတ်ပြုပြီး နော်ဝေ
နိုင်ငံထဲလာဖို့ ကိုတော့ နော်ဝေနိုင်ငံထဲနေထိုင်ခွင့်ရတဲ့သူမှာ ဘဏ်မှာ
စုထား တဲ့ငွေ ခရိုနာ ၁ သိန်း ကျော်ရှိရမယ်။ပြီးတော့ တရားဝင် အလုပ်လုပ်လို
့ရတဲ့ငွေ တနှစ်ကို ခရိုနာ ၂ သိန်း နှစ်သောင်း ပြနိုင်မှ ခေါ်ခွင့်ဗီဇာ
ထုတ်ပေးမယ် လို့ ပြောနေပါတယ်။
နော်ဝေမှာ တရားဝင်ချိန်ပြည့်အလုပ်ရဖို့ မလွယ်လှပါဘူး။
နော်ဝေစာတတ်မြောက်မှု။ လုပ်ငန်းကျွန်းကျင်မှု၊ ပညာအရည်အချင်း တွေ
အမျိုးမျိုးရှိမှ ပြည်ပ နိုင်ငံသားတယောက်အဖို့ အလုပ်ရနိုင်ပါတယ်။
အခြေခံအလုပ်ဖြစ်တဲ့ စတိုးဆိုင်၊ အရောင်းဆိုင် ၀န်ထမ်း တို့၊
သူနာပြုအကူတို့၊ သန့် ရှင်းရေး ၀န်ထမ်းတို့ဆိုတဲ့ အလုပ်မျိုးတွေတောင်
အချိန်ပြည့် အလုပ်ရဖို့  ခက်ပါတယ်။ အချိန်ပြည့်အလုပ်ရပြန်တော့လဲ တနှစ်ကို
တရားဝင်ငွေ ခရိုနာ ၂သိန်း နှစ်သောင်း ရနိုင်ဖို့က မလွယ်ပြန်ပါဘူး။
အင်တာနက်နဲ့ ဖူးစာ ဆုံကြတဲ့ အထဲမှာ နော်ဝေလူမျိုး စစ်စစ်နဲ့ လိုင်းပေါ်မှာ
ချိတ်မိပြီး နော်ဝေရောက်လာကြတဲ့ သူတွေလဲ နိုင်ငံ ပေါင်းစုံက
မနည်းလှပါဘူး။ပြီးတော့ အင်တာနက်မှာ ဖူးစာရှင်ရှာတဲ့
ဝက်ဘ်ဆိုက်တွေလဲရှိပါတယ်။
ဖူးစာရှင် အဖော်ရှာလိုသူရဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ ဖော်ပြထားတဲ့
ဝက်ဆိုက်များစွာမှာ တက်ပြီး အလွယ် တကူ အင်တာနက် ဖူးစာရှင်
ရွေးလို့လဲရပါတယ်။နော်ဝေနိုင်ငံမှာ အဲလိုနည်းနဲ့ အမှန်အကန် ဖြစ်ကုန်သူ
တွေလဲ မနည်း လှပါ။
နော်ဝေနိုင်ငံကို အထင်တကြီးဖြစ်ပြီး နော်ဝေနိုင်ငံသားတွေနဲ့ လက်ထပ်ကာ
နော်ဝေကိုရောက်လာကြတဲ့ ထိုင်း၊ဖိလစ်ပိုင်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊
ဘင်္ဂလားဒေ့ရှ်၊ ရုရှား စတဲ့ နိုင်ငံသူတွေဆိုရင် နော်ဝေရောက်မှ ဘာသာ စကား
အသစ်ပြန်စရ၊ ဘ၀အသစ်ပြန် စရ၊ပညာရေး အသစ် ပြန်စရနဲ့ မှန်းချက်နဲ့ 
နှမ်းထွက်မကိုက်လို့ တချို့  တပ်ပြန်ခေါက်ကြရတာတွေ၊ နော်ဝေ ယဉ်ကျေးမှုနဲ့
သဟ ဇာတ မဖြစ်လို့ ကွဲကြ-ပြဲကြတာတွေလဲ မြင်နေရပါတယ်။
တချို့ ဆိုရင် လက်ထပ်ပြီးလို့ ၃ နှစ်နီးပါး ရှိလာတောင်မှ
ကိုယ့်အိမ်ထောင်ဘက်ကို နော်ဝေနိုင်ငံထဲ ရောက်လာအောင် ဆက်လက်
ရုန်းကန်ကြိုးစားနေရဆဲ ပြည်ပနိုင်ငံသားတွေ မြင်နေရပါတယ်။

အခုပြောပြနေတာက အနှုတ်လက္ခဏာတွေကို ရွေးထုတ် တင်ပြနေတာ မဟုတ်ပါဘူး၊
“အငိုလွယ်ကလောက် အရှိုက် ခက်”ဆိုတဲ့ မြန်မာ စကားပုံကို လမ်းတိုရွေးမှ
အချိန်ပိုကြာ ဖြစ်မှာစိုးလို့ ဖြစ်တတ်တာ ၊ဖြစ်နေကြတဲ့ ဒုက္ခ္ခတွေ ကြိုသိပြီး
ဆင်ချင်နိုင်ကြစေဖို့ ၊အင်တာနက်ကနေ -အင်တာနက်ချစ်သူများကို အသိတရားတခု
မျှဝေ ပေးတာပါ။
အင်တာနက်ကြောင့် ဖူးစာရှင်ပေါ်တဲ့ သူတွေ၊ကွန်တက်ချိတ်ရ လွယ်သလောက်၊ချစ်ရဖို့
လွယ်သလောက်၊ လက်ထပ်ရဖို့ လွယ်သ လောက် တိုင်းပြည်နယ်နမိတ်တခုကိုကျော်ပြီး
အခြားတိုင်းပြည်တခုကို လာရောက်အတူနေထိုင်ဖို့ ကျတော့၊ စိတ်ကူး သလောက်
မလွယ်လှပါဘူးလေ။ နိုင်ငံခြားစကားပုံတခု ဖတ်ဖူးတာလေး
လက်ဆောင်ပါးလိုက်ပါရစေ။
“You think twice, before you do” တဲ့။
နှလုံးသားဆန္ဒနဲ့ ဘ၀ အောင်မြင်မှု ထပ်တူ ကျနိုင်ကြပါစေ။
နော်လီမိုင်
၂၂။၁။၂၀၁၀
+++++
ကုလသမဂ္ဂဒုက္ခ များ ပြန်လည်နေရာ ချထားရေး အစီအစဉ်နဲ့ ရောက်လာတဲ့နည်း
ဒီနည်းကတော့ နော်ဝေကို ထိုင်းနိုငငံနဲ့ မလေးရှားက ဒုက္ခသည်စခန်းတွေကနေ
ကုလသမဂ္ဂဒုက္ခများဆိုင်ရာ မဟာမင်းကြီး ရုံးကနေ ဒုက္ခ များအဖြစ်အသိအမှတ်ပြု
ခံထားပြီးသူတွေကို တတိယနိုင်ငံ ပို့ဆောင်တဲ့ အစီ အစဉ် ဖြစ်ပါတယ်။ ထိုင်းမှာ တော့
ဒုက္ခသည် လျှောက်ပြီးအသိအမှတ်အပြုခံရတာချင်း နေရာဒေသ လိုက်ပြီး ပုံစံ
မတူကြပါဘူး။ကျွန်တော်က ဘန် ကောက်ကနေ ယူအင်အောင်ပြီး နော်ဝေကိုရောက်လာတဲ့ သူဆိုတော့
မဲဆောက်က ယူအင် အောင်ပြီး ရောက်လာခဲ့တာနဲ့  နည်းနည်း ကွဲပါတယ်။
ဘန်ကောက်မှာတော့ ပထမ (ယူအင် အိပ်ခ်ျစီအာ) ကုလသမဂ္ဂဒုက္ခ များဆိုင်ရာ
မဟာမင်းကြီးရုံးမှာ သွားပြီးကိုယ်ဘယ်လို မြန်မာ နိုင်ငံမှာ ဘာတွေ ဖြစ်ခဲ့တယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ ဆက်နေရင် အစိုးရက ဘယ်လို နှိပ်ကွပ်တာ ခံခဲ့ရပြီး ရှေ့ကို
ဘယ်လို ဆက်ဖြစ်နိုင်တယ်ဆိုတာ မြန်မာ လိုဖြစ်စေ၊အင်္ဂလိပ်လိုဖြစ်စေ ရေးသားပြီး
သွားတင်ရပါတယ်။ သွားတင်တယ်ဆိုတဲ့နေရာမှာလည်း ၇ုံးကြီးရှေ့ ရောက်၇င် မနက် ၉ နာရီ
ထိုးတာနဲ့ ရုံးကြီးက ခန့် ထားတဲ့ မြန်မာ စကားပြန် တွေ
ထွက်လာပြီး မြန်မာလိုပဲ အော်ပြောကြပါတယ်။ ဒုက္ခသည် အသစ်တင်မယ့်လူရှိတာ၊ လက်မှတ်
သက်တမ်းတိုးမယ့်လူ ရှိလား၊ အင်တာဗျူးဖြေဖို့ ရက်ချိန်း
ရထားသူရှိလားဆိုပြီး မြန်မာလိုပဲ အကျယ်ကြီး အော်မေးပါတယ်။ ပြီးတော့မှ ကမ်ပူးချား
(ကမ္ဘောဒီယား)နဲ့ တခြားနိုင်ငံတွေက သူတွေ မြင်ရင် အင်္ဂလိပ်လို မေးတာလဲ
ရှိပါတယ်။ ကျွန်တော် သွားတုန်းက ဆိုရင် အာဖရိက နိုင်ငံတွေက လာပြီးဒုက္ခသည်
လျှောက်သူတွေ တောင်တွေ့ ရပါတယ်။

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်
စခန်းများတည်နေပုံ
ဒုက္ခသည်
လျှောက်လွှာတင်ပြီးရင် ဘယ်နေ့မှာ လျှောက်လွှာ တင်ထားကြောင်း၊ ယာယီအသိ အမှတ် ပြု
လက်မှတ် လာယူ နိုင်ကြောင်း ရက်ချိန်းပေးပါတယ်။
နောက်တော့ ရထားတဲ့ ဒုက္ခသည်လက်မှတ်ကို သက်တမ်းတိုး ရပါတယ်။ နှစ်လ တကြိမ်
ပါ။ ဒီလို သက်တမ်းတိုးရတာက တချို့ သူတွေက မိခင် နိုင်ငံက လာပြီး အသွားအပြန်
လုပ်ကာ ဒုက္ခသည်အဖြစ် လျှောက် တာတွေ ရှိနေလို့ ၊
ပြီးတော့ တချို့ က အလုပ်တဖက်လုပ်ရင်း ဒုက္ခသည် အဖြစ် ၀င်လျှောက်ကြတဲ့ သူတွေ၊ ဗီဇာနဲ့
ရောက် လာပြီး အ လုပ်လုပ်ရင်း ဒုက္ခသည် ၀င်လျှာက်ကြ တဲ့
သူတွေ ရှိလို့ --လို့ သိရပါတယ်။ဗီဇာနဲ့ ရောက်လာပြီး ဒုက္ခသည် ၀င်
လျှောက်တာသိရင်တော့ လျှောက်လွှာ ကို ပယ်တယ်လို့ သိရပါတယ်။ အဲဒီလိုဒုက္ခသည်
အတုတွေ ကန့် သတ် သတ်ချင်လို့ သိရပါတယ်။
နောက်တော့
သူတို့ သတ်မှတ်ပေးတဲ့ရက်မှာ ကုလသမဂ္ဂဒုက္ခများဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ခံ
အရာရှိတစ်ယောက် နဲ့ စကားပြန်နဲ့ ကုလသမဂ္ဂဒုက္ခ သည်
ဖြစ်သင့် မဖြစ်သင့် နှုတ်မေး စစ်မေးပါတယ်။
မေးတာကို
ကိုယ်တိုင် အင်္ဂလိပ်လို ဖြေမလား။ စကားပြန် ယူမလား မေးပါတယ်။ ယူရင် စကားပြန်က ကိုယ်
မြန်မာလိုပြော တာကို ဘာသာပြန်ပေးပါတယ်။ မေးတဲ့ နေရာမှာ
ကိုယ်ရေးထားတဲ့ လျှောက်လွှာထဲက အချက်အလက်တွေကို ပြန်မေးတာ များပါတယ်။ တချို့ 
သူတို့သိချင်တဲ့ အချက် အပိုမေးတတ်တာ လဲရှိပါတယ်။ မေးတဲ့အချက်တွေဟာ အများအားဖြင့်
မြန်မာ ပြည်မှာ ဒုက္ခရောက်ရတာတွေ အကြောင်းပါ။
အဲဒီဖြေကြားချက်တွေကို လေ့လာပြီးတော့မှ ဒီလူဟာ ဒုက္ခသည်ပေးသင့် မပေးသင့် ဆုံးဖြတ်
ပါတယ်။
ကုလသမဂ္ဂဒုက္ခသည် အဖြစ် ပေးသင့်တယ်လို့ ယူဆရင် ကုလသမဂ္ဂဒုက္ခ များဆိုင်ရာ
မဟာမင်းကြီးရုံးက တရားဝင် ကုလ သမဂ္ဂဒုက္ခ သည် လက်မှတ်
ပေးပါတယ်။

မဲလ ဒုက္ခသည်စခန်း
ယူအင်အရာရှိနဲ့ ဖြေတဲ့နေရာမှာ တချို့က ကိုယ်တကယ်ဖြစ်ခဲ့တာ ရိုးရိုးရှင်းရှင်းပဲ
ဖြေကြတယ်။ ဥပမာ ကျမတို့ လယ်ကို စစ် တပ်တိုးချဲ့ဖို့
စစ်တပ်က သိမ်းတယ်။ ပြန်ပြောတော့ ကျမယောက်ျားနဲ့ သားတွေ ဖမ်းတယ်။ ထောင်ချတယ်။
ကျန်တဲ့ သူတွေ ကို စစ်တပ်က လုပ်အားပေးခိုင်းတယ်။
ဟိုတိုင် ဒီတိုင်လုပ်ရင် ထောင်ထပ်ချမယ်ပြောလို့ ထွက်ပြေးလာပြီး ဒုက္ခသည် အဖြစ်
လျှောက်တာလို့ ဖြေပြီး၊အသိအမှတ် အပြုခံကြရတဲ့ သူတွေ အများကြီး ရှိပါတယ်။
တချို့ကတော့ ကျမတို့ ရွားလေး မီးရှို့  ခံရတယ်။ အမျိုးတွေလဲ မိုင်းထိလို့ သေလိုသေ။
တချို့ သူပုန်အဖြစ် အဖမ်းခံရတယ်လို့ ဖြေ ပြီး ဒုက္ခသည် အသိအမှတ်ပြု ခံရတဲ့ သူတွေလည်း
ရှိပါတယ်။ တချို့ကတော့ မြန်မာပြည်မှာ ဘယ်လိုနိုင်ငံရေးလုပ်ခဲ့ကြောင်း၊
ထောင်ဘယ်လိုကျခဲ့ ကြောင်း တွေ ပိုပိုလိုလို၊
အောင်ချင်၊ အသိအမှတ် ပြု ခံရချင်ဇောနဲ့ ဖြေကြတာလဲ ရှိပါတယ်။ ဒီတော့ ယူအင် အရာရှိက
ဘယ်ထောင် လဲ။ ကေိုယ်နေခဲ့ထောင်ပုံစံ ဆွဲပြပါဆိုပြီး
အဆွဲခိုင်းတော့ ထောင်တကယ် မကျခဲ့ပဲ အပိုပြောတဲ့သူတွေ ဒုက္ခ ရောက်ကြရပါတယ်။
တချို့ကြတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရင်းနှီးပြီး ဘာတွေ လုပ်ခဲ့ကြောင်း၊
မင်းကိုနိုငတို့ နဲ့  ဘယ်တုန်းက ဘယ်လို လက်တွဲ ဖိုက်ခဲ့ ဆန္ဒပြခဲ့ကြောင်းတွေ
ပြောတော့ ယူအင် အရာရှိက ဒေါ်စု မိန့် ခွန်းပြောနေတဲ့ ပုံကို ပြပြီး
သူ့ကိုသိလာားလို့မေးတော့ “အဲဒါ မြန်မာပြည်က အဆိုတော်ပါ”လို့ ဖြေကြတဲ့သူတွေ “မင်းကို
နိုင်”ပုံကို အဲဒါ ရုပ်ရှင် မင်းသား အသစ်လို့ ပြောမိ ဖြေမိလို့ အပယ်ခံရတဲ့သူတွေ လဲ
ရှိကြောင်းဗဟုသုတ ဖြစ်ဖွယ် ကြားရသိရပါတယ်။
အဲဒီ
ကုလသမဂ္ဂဒုက္ခ များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ်အသိအမှတ်ပြုလက်မှတ်
ရထားသူဟာ ကုလ သမဂ္ဂ ဒုက္ခ များဆိုင်ရာဆေးခန်းနဲ့ ဒုက္ခဆိုင်ရာထောက်ပန့် ရေး ရုံးမှာ
စားဝတ်နေရးအတွက် အကူအညီ တောင်းနိုင်ပါတယ်။ အများအားဖြင့် အမျိုးသမီးတွေနဲ့ 
မကျန်းမာသူတွေ ငွေကြေး အထောက်ပန့် ရကြပါ တယ်။
ထိုင်းနိုင်ငံ- မဲဆောက်မှာတော့ ယခင်က ကုလသမဂ္ဂဒုက္ခ များဆိုင်ရာ မဟာမင်းကြီးရုံးကို
တိုက်ရိုက် ကိုယ်တိုင်သွားပြီး ဒုက္ခသည် အဖြစ် လျှောက်လွှာတင်ခွင့် ရပေမယ့် အခုတော့
ဒုက္ခသည် စခန်းထဲ အရင် ၀င်ကြရပါတယ်။ နောက်တောဒုက္ခသည် စခန်းက အသိအမှတ်ပြု လက်မှတ်ရရင်
စခန်းထောက်ပန့်ကြေး ၇ိက္ခာ ရတယ်လို့ သိရပါတယ်။ နောက်တော့ ယူအင် ၇ုံးကတေ ဒုက္ခသည်
လျှောက်ဖို့ လူများလာရင် ဓါတ်ပုံရိုက်ပြီး ဒုက္ခသည်လျှာက်လွှာတင်ကြရတယ်။ တချို့
တနှစ်အထိ လျှောက်လွှာတင်ဖို့ စောင့်ကြရပြီး ၊တချို့ ကံကောင်းရင် ကိုယ် ဒုက္ခသည်
စခန်းတွင်း ရောက်လို့ တလ လောက်နေ လျှောက်လွှာတင်။ ပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြု
ခံရပြီး တတိယ နိုငငံတခုခုကို အချိန်တို အတွင်းမှာ ရောက်ကြတဲ့သူ တွေလည်းရှိကြပါတယ်။
မလေးရှားမှာလည်း အစောပိုင်းမှာ ဒုက္ခသည် စခန်းထဲ ၀င်စရာ မလိုပဲ တတိယ နိုင်ငံကို
ထွက်ခွင့်ရကြပေမယ့် ခုတော့ အဲလို မရတော့ဘူးလို့ မလေးရှားက ရောက်လာတဲ့တွေတွေဆီက
ကြားရပါတယ်။ ပြီး တော့မှ ဒုက္ခသည် အသိအမှတ်ပြု ခံရင်ပြီးသူတွေကို တတိယ နိုင်ငံ တွေ
ကို ပို့ဖို့ စီစဉ်တယ်လို့ သိရပါတယ်။

ထန်ဟင် ဒုက္ခသည်စခန်း
နောက်တော့
တတိယ နိုင်ငံတွေကို ပို့ ဖို့ အစီအစဉ် ရှိလာရင် ကုလသမဂ္ဂဒုက္ခ အဖြစ်အသိအမှတ်ပြု
ခံထားသူတွေရဲ့  ကိုယ် ရေး ရာဇ၀င် ကြည့်ပြီးသက်ဆိုင်ရာ နိုင်ငံ သံရုံး တာဝန်ခံတွေက
သူ့ နိုင်ငံ ခေါ် ယူလက်ခံသင့်တဲ့သူတွေကို လူတွေ ထပ်မံ စစ်ဆးပါတယ်။ စစ်ဆေးခံရတဲ့
သူတိုင်းကို လက်ခံ ခေါ်ယူတာတော့ မဟုတ်ပါဘူး။ တချိုံကကြတော့ ကိုယ်အမျိုးရှိတဲ့
နိုင်ငံ ကို သွားချင်လို့ ငြင်းတာရှိသလို ။ တချို့ကြတော့ သံရုံးတာဝန်ခံက
ငြင်းပယ်တာလဲရှိပါတယ်။
သံရုံးက
အတည်ပြု ရွေးချယ်ပြီဆိုရင်တော့ အဲဒီသူတွေကိုဆေးစစ်ပါတယ်။
အထူးသဖြင့် အမေရကန် ကို သွားဖို့ ရွေးချယ်ထားတဲ့ သူတွေဆိုရင် ရောဂါရှိရင်
ထိုင်းမှာဆေးကျွေးထားပြီး ရောဂါ ပျောက် ကင်းမှ အမေရိကန်ကိုခေါ် ယူတာများပါတယ်။
ရောဂါလည်းမရှိ ပကတိကောင်းမွန်ကျန်းမာသူတွေ အတွက် ယူဒီအိုင်ခေါ် ရွှေ
့ပြောင်း အလုပ်သမားများ ကူညီရေး ရုံးက လိုအပ်တဲ့ အရာတွေ ကူညီပြီး
ထိုင်းလေဆိပ်ကြီးကို လိုက်လံ ပို့ဆောင်ကာ လေယာဉ်ပေါ် အရောက် စီစဉ် ပေးကြပါ တယ်။
ကျနော်ကတော့ ဘန်ကောက်ကနေ ဒုက္ခသည် အသိအမှတ်အပြုခံရပြီး နော်ဝေကိုရောက်လာခဲ့တာပါ။
အိန္ဒိယ နိုင်ငံကနေ ဒုက္ခသည်အဖြစ် အသိအမှတ်အပြုခံရပြီးနော်ဝေကိုရောက်လာတဲ့ သူတွေလဲ
ရှိကြပါတယ်။ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း တွေနဲ့ မလေးရှားကနေ ဒုက္ခသည်အအဖြစ် အသိ
အမှတ်ပြုခံထားရပြီး နော်ဝေကို လာဖို့ ရွေးချယ်ခံထားရကာနော်ဝေကို လာဖို့ ရှိနေတဲ့
သူတွေ နှစ်အလိုက် ၊ အသုတ်လိုက်၊ လာဖို့ ရှိနေကြောင်းလဲ သိရပါတယ်။
30-5-09
---
လက်ထပ်၊ ကွာရှင်း၊ အပ်ချလောင်း စီးပွားရှာ
နေထိုင်ခြင်း
မြန်မာတွေ
နော်ဝေစာ အဆင့်၂ မအောင်ရင်ဖြင့်
(၄)ပြည်ပနိုင်ငံ တစ်ခုကနေ
တရားမ၀င် ၀င်ရောက်လာပြီး ခိုလှုံခွင့် တောင်းခံတဲ့နည်း(၂)
(၄)ပြည်ပနိုင်ငံ တစ်ခုကနေ
တရားမ၀င် ၀င်ရောက်လာပြီး ခိုလှုံခွင့် တောင်းခံတဲ့နည်း(၁)
၃။ အလည် အပတ် ဗီဇာနဲ့
ရောက်လာတဲ့နည်း
၂။ မိသားစု
ပြန်လည်ပေါင်းစည်းရေးနဲ့ ရောက်လာတဲ့နည်း
(၁)
နော်ဝေနိုင်ငံသားတွေနဲ့  လက်ထပ်ပြီး ရောက်လာတဲ့နည်း
မြောက်ဝင်စွန်းနားက နော်ဝေ
ကနေဒါ (သို့ မဟုတ်) ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော် (၂)
ကနေဒါ
(သို့ မဟုတ်) ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော်
------------
|